Aung Phyo Htet
Friday, May 23, 2014
ဖူးစာဖက်၍ ပေါင်းး ရပါစေသား
ဖူးစာဖက်လို့ ပေါင်းရစေသား
ချစ်ကြိုက်စုံမက်ခြင်းသည် အကြောင်းသင့်မသင့် တွက်ချက်ပြီးမှ ပေါ်ပေါက်လာရခြင်းမဟုတ်ပါ။ မသင့်မှန်းသိသော်လည်း ချစ်ကြိုက်မိကြသည်။ စွဲလန်းတတ်ကြသည်။ တစ်ဦးနှင့်တစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်အောင် ရည်ငံမိကြပြီးနောက် ဘ၀တစ်သက်တာ လက်တွဲကြမည်ဟု ရည်သန်သောအခါ
(၁) နှစ်ဖက်မိဘ ကြည်ဖြူပါ့မလား
(၂) နှစ်ဦးသားမှာရော ဖူးစာပါရဲ့လား
(၃) ဖူးစာတော့ဖက်ပါရဲ့ ရိုးမြေကျပေါင်းရပါ့မလား
(၄) ရိုးမြေကျတော့ ပေါင်းရပါရဲ့ ထမင်းရည်အတူလျက်နေရတဲ့ဘ၀နဲ့များ ကြုံရမလား စသည့် မေးခွန်းများ တသီတတန်း ပေါ်ပေါက်လာတတ်ကြပါသည်။
နက္ခတ်ဗေဒင်ပညာတွင် ထိုထိုသော မေးခွန်းအသီးသီးအတွက် ဖြေရှင်းနည်းဟူ၍ သီးသန့်ရှိမနေပါ။ ဇာတာဆန်းစစ်ဝေဖန်သူသည်သာလျှင် စိတ်ဖြာဝေဖန် အဖြေရှာရပါသည်။ ဥပမာအားဖြင့်
(၁) နှစ်ဖက်မိဘကြည်ဖြူနိုင်မှုအတွက် (ဇာတာနှစ်စောင်တို့၏ ၉ တန့် ၁၀ တန့်တို့မှ ပြဆိုသော) မိဘအုပ်ထိန်းသူ၊ ဘ၀လုပ်ငန်းအခြေအနေ များကို စစ်ဆေးကာ အိမ်ထောင်ပြုလိုသော ကာလတွင် ဇာတာရှင်နှစ်ဦးတို့၏ ကံအခွင့်အလမ်း အနှောင့်အယှက်များတွင် အုပ်ထိန်းသူများ၏ ပါဝင်ပတ်သတ်မှုကို စစ်ဆေးခြင်းဖြင့်လည်းကောင်း၊
(၂) နှစ်ဦးသားမှာရော ဖူးစာပါမှု မပါမှုအတွက် (ဇာတာနှစ်စောင်တို့၏ ၁ တန့် ၇ တန့် ၈ တန့် စန်း တို့မှ ပြဆိုသော) နှစ်ဦးသား၏ ခန္ဓာဗေဒ၊ ဆက်ဆံရေး၊ ကာမဆန္ဒ၊ နားလည်မှုတို့ကို စစ်ဆေးခြင်းဖြင့်လည်းကောင်း၊
(၃) ရိုးမြေကျပေါင်းဖက်ရမှုအတွက် (ဇာတာနှစ်စောင်တို့၏ ၈ တန့် ၁၂ တန့် ၄ တန့်တို့မှ ပြဆိုသော) ကျန်းမာရေး၊ စိတ်ဓာတ်အခြေခံ၊ အိမ်တွင်းသားယာမှုတို့ကို စစ်ဆေးခြင်းဖြင့်လည်းကောင်း၊
(၄) အိမ်ထောင်၏ စီးပွားအတွက် (ဇာတာနှစ်စောင်တို့၏ ၁၀ တန့် ၁၁ တန့် ၂ တန့် တို့မှ ပြဆိုသော) အလုပ်အကိုင်၊ ၀င်ငွေ၊ ဥစ္စာထိန်းသိမ်းနိုင်စွမ်းတို့ကို စစ်ဆေးဖြင်းဖြင့်လည်းကောင်း အဖြေရှာရပါသည်။
ကြုံတွေ့လာရဖွယ်ရှိသော ပြဿနာများကို ဖြေရှင်းခြင်းအနေဖြင့်
ဝင်ငွေများကို မထိန်းသိမ်းနိုင်သော အမျိုးသား၏ဇာတာခွင်မှ အခြေအနေဆိုးများကို စီးတဲ့ရေဆည်တဲ့ကန်သင်း ထိမ်းသိမ်းနိုင်သော အမျိုးသမီး၏ ဇာတာခွင်မှ အခြေအနေတစ်ခုဖြင့် ပေါင်းစည်းထိန်းသိမ်းစေခြင်း၊
အိုင်တွေ့တိုင်း ခြေဆေးချင်သည့် အမျိုးသား၏ဇာတာခွင်မှ အခြေအနေဆိုးများကို စည်းကမ်းကျင့်ဝတ်သဘောတရားများ အားကောင်းလှသော အမျိုးသမီး၏ ဇာတာခွင်မှ အခြေအနေများဖြင့် မျှဝေပေါင်းစည်းထိန်းသိမ်းစေခြင်း၊
အမျိုးသားဇာတာတွင် သားသမီးကံကောင်းပါသော်လည်း အမျိုးသမီးဇာတာတွင် အမျိုးသမီးရောဂါပြဿနာများ တွေ့ရှိနေရခြင်းကြောင့် သားသမီးရရှိရေး အခက်တွေ့ရာတွင် အမျိုးသမီး၏ ကျန်းမာရေးအား ဂရုစိုက်ပုံမှန်ရှိစေခြင်းနှင့် အခါကောင်းများ ရွေးချယ်ပေးရခြင်း၊
အစရှိသဖြင့် ပုံစံအမျိုးမျိုး စရိုက်အစုံစုံ ဖြေရှင်းရပါတော့သည်။
အထက်ပါရွေးချယ်မှုများသည် ခက်ခဲနက်နဲသလို အချိန်လည်းယူရပါသဖြင့် နက္ခတ်ဗေဒင်ပညာ အခြေခံမရှိသူများအတွက် အလှမ်းဝေးလျှက်ရှိပါသည်။ ပညာရပ်စစ်မှန်ပါလျှင် အကိုင်းအခက်ဖျားပင် ဖြစ်စေတော့ အသုံးဝင်ရမည်မှာ အမှန်ဖြစ်ပါသည်။ စစ်ဆေးတိုက်ဆိုင် အဖြေရှာနိုင်ရန် အောက်ပါ နည်းစနစ်လေးများအား စုဆောင်းတင်ပြလိုက်ပါသည်ခင်ဗျား။
ဘာနေ့သားသမီးယူရင် ကောင်းမလဲ
အောက်ပါ နမူနာ ဇာတာနှစ်စောင်မှ အမျိုးသားဇာတာဖြင့် တွက်ချက်ပြပါမည်။
အမျိုးသား ဇာတာ၏ La(လ) အက္ခရာမှ လက်ဝဲရစ် ၁ ၂ ၃ ၄ အစရှိသဖြင့်ရေတွက်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။
ဥပဒေသများမှာ ...
၁။ ကျားဇာတာ၏လဂ် (၁ တန့်)တွင် မ၏မွေးနံပူးသော် ချစ်ခင်မှီခိုအားထားရမည်။
၂။ ကျားဇာတာ ၂တန့်တွင် မ၏မွေးနံရပ်သော် မိမိသြဇာညောင်းကာ စုဆောင်းမိမည်။
၃။ ကျားဇာတာ ၃တန့်တွင် မ၏မွေးနံရပ်သော် ၀ီရိယကောင်းကာ ကြိုတင်စီမံနိုင်မည်။
၎။ ကျားဇာတာ ၄တန့်တွင် မ၏မွေးနံရပ်သော် မိန်းမ၏အလိုကိုလိုက်ရသည်။
၅။ ကျားဇာတာ ၅တန့်တွင် မ၏မွေးနံရပ်သော် အမြော်အမြင်ကောင်း၍ အရည်အချင်းနှင့်ပြည်စုံကြမည်။
၆။ ကျားဇာတာ ၆တန့်တွင် မ၏မွေးနံရပ်သော် တဆူဆူတကျက်ကျက် အိမ်ပူမည်။
၇။ ကျားဇာတာ ၇တန့်တွင် မ၏မွေးနံရပ်သော် အိမ်တွင်းမှုရေးရာ အားကိုးရမည်။
၈။ ကျားဇာတာ ၈တန့်တွင် မ၏မွေးနံရပ်သော် အနိုင်ယူ၍ လိမ်လည်တတ်မည်။
၉။ ကျားဇာတာ ၉တန့်တွင် မ၏မွေးနံရပ်သော် ၀ီရိယကောင်း၍ အိမ်တွင်းရေးနိုင်နင်းမည်။
၁၀။ ကျားဇာတာ ၁၀တန့်တွင် မ၏မွေးနံရပ်သော် အေးငြိမ်းတည်ငြိမ်သောစားဝတ်နေရေးဖြင့် ပြည့်စုံမည်။
၁၁။ ကျားဇာတာ ၁၁တန့်တွင် မ၏မွေးနံရပ်သော် စည်းကမ်းသေ၀ပ်၍ သားသမီးများအားကောင်းစွာ ထိန်းသိမ်းနိုင်မည်။
၁၂။ ကျားဇာတာ ၁၂တန့်တွင် မ၏မွေးနံရပ်သော် ပူဆွေးဗျာပါဒရောက်တတ်သည်။
မှတ်ချက်။ ။ "မ" ဘက်မှလည်း ယူဆနိုင်ပါသည်။ မိန်းမအလိုကို လိုက်ရမည်ဆိုသည်မှာလည်း "မ" အတွက် မိမိအလိုဟု ယူဆနိုင်ပါသည်။ ၄ တန့်သည် မိခင်၊ အမျိုးသမီးသဘာဝ၊ အေးချမ်းမှု၊ အပျော့ကို ရည်ရွယ်သောကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် ထိုဇာတာရှင် အမျိုးသားသည်
တနင်္ဂနွေသမီးကို ယူမူ ( ဇာတာတွင် ၁ နွေ ၈ တန့်ရပ်ခြင်းကြောင့်) အနိုင်ယူ၍ လိမ်လည်တတ်သော အိမ်ထောင်ဖက်ကို ရရှိမည်။
တနင်္လာသမီးကို ယူမူ (ဇာတာတွင် ၂ လာသည် ၅ တန့်တွင်ရပ်ဖြင်းကြောင့်) အမြော်အမြင်ကောင်း၍ အရည်အချင်းနှင့်ပြည်စုံသော အိမ်ထောင်ဖက်ကို ရမည်။ ဇာတာရှင်သည်လည်း ထိုနည်းတူပင် အမြော်အမြင်ကောင်းမည်။
အင်္ဂါသမီးကိုယူမူ ( ဇာတာတွင် ၃ ဂွင်္ါ ၈ တန့်ရပ်ခြင်းကြောင့်) အနိုင်ယူ၍ လိမ်လည်တတ်သော အိမ်ထောင်ဖက်ကို ရရှိမည်။
ဗုဒ္ဓဟူးသမီးကိုယူမူ ( ဇာတာတွင် ၄ဟူး ၇ တန့်ရပ်ခြင်းကြောင့်) အိမ်တွင်းမှုရေးရာနိုင်နင်းသော အိမ်ထောင်ဖက်ကို ရရှိမည်။
ကြာသာပတေးသမီးကိုယူမူ ( ဇာတာတွင် ၅ တေး ၃ တန့်ရပ်ခြင်းကြောင့်) ၀ီရိယကောင်းကာ ကြိုတင်စီမံနိုင်သော အိမ်ထောင်ဖက်ကို ရရှိမည်။
သောကြာသားသမီးကိုယူမူ ( ဇာတာတွင် ၆ ကြာ ၈ တန့်ရပ်ခြင်းကြောင့်) အနိုင်ယူ၍ လိမ်လည်တတ်သော အိမ်ထောင်ဖက်ကို ရရှိမည်။
စနေသားသမီးကိုယူမူ ( ဇာတာတွင် ၀ နေ ၃ တန့်ရပ်ခြင်းကြောင့်) ၀ီရိယကောင်းကာ ကြိုတင်စီမံနိုင်သော အိမ်ထောင်ဖက်ကို ရရှိမည်။
အမျိုးသမီးဘက်မှ စစ်ကြည့်၍ မကောင်းသော်လည်း အမျိုးသားဘက်မှ စစ်ကြည့်က သင့်တော်ကောင်းမွန်ပါက ရွေးချယ်နိုင်ပါသည်။
မှတ်ချက်။ ။ ကျားဇာတာတွင် ရပ်တည်သောဂြိုဟ်တို့သည် အမှန်တကယ်အားရှိကာ၊ နေ့သားသမီးသည် ထိုနေ့၏ ဟောရာချိန်ဖြစ်သော မနက်နေထွက်ချိန်မှစသော ၂ နာရီခန့် တွင်မွေးဖွားပါက ဤအကျိုးဆက်များမုချ ဖြစ်မည်ဖြစ်သည်။
လဂ် စန်း အရရွေးချယ်ခြင်း
နက္ခတ်ဗေဒင်တွင် လဂ်ကို ဇာတာ၏အသက်၊ စန်းခေါ် တနင်္လာကို အိမ်ထောင်မှုအေးချမ်းခြင်း သရုပ်ကို ဖေါ်ညွှန်းသဖြင့် သေဆုံးခြင်းပြ ၈ တန့်နှင့် ပျက်စီးခြင်းပြ ၁၂ တန့်ကို စပ်ဆက်ကာ အောက်ပါအတိုင်း ရှောင်ရှားရွေးချယ်ခြင်း ဥပဒေသများထားရှိပါသည်။ိ
ဥပဒေသ (၁) ကျားလဂ်ရှိရာ ရာသီသည် မလဂ်ရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။
ဥပမာ အထက်ပါအမျိုးသား ဇာတာအတွက်
အထက်ပါ ကျား ၏ဇာတာအရ လဂ်သည် မကာရရာသီတွင် ရှိလေသောကြောင့် ဓနုရာသီတွင် လဂ်တည်သော အမျိုးသမီးများကိုလည်းကောင်း၊ သိဟ်ရာသီတွင် လဂ်တည်သော အမျိုးသမီးများကိုလည်းကောင်း မထိမ်းမြားသင့်ပေ။
ဥပဒေသ (၂) မလဂ်ရှိရာ ရာသီသည် ကျားလဂ်ရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။
ဥပမာ အထက်ပါအမျိုးသမီးဇာတာအတွက်
အထက်ပါ မ ၏ဇာတာအရ လဂ်သည် ပြိဿရာသီတွင် ရှိလေသောကြောင့် တူရာသီတွင် လဂ်တည်သော အမျိုးသမီးများကိုလည်းကောင်း၊ မေထုန်ရာသီတွင် လဂ်တည်သော အမျိုးသမီးများကိုလည်းကောင်း မထိမ်းမြားသင့်ပေ။
ဥပဒေသ (၃) ကျားစန်းရှိရာ ရာသီသည် မစန်းရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။
ဥပမာ အထက်ပါအမျိုးသားဇာတာအတွက်
အထက်ပါ ကျား ၏ဇာတာအရ စန်း သည် ဗြိစ္ဆာရာသီတွင် ရှိလေသောကြောင့် မိဿရာသီတွင် စန်း တည်သော အမျိုးသမီးများကိုလည်းကောင်း၊ ဓနုရာသီတွင် စန်း တည်သော အမျိုးသမီးများကိုလည်းကောင်း မထိမ်းမြားသင့်ပေ။
ဥပဒေသ (၄) မစန်းရှိရာ ရာသီသည် ကျားစန်းရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။
ဥပမာ အထက်ပါ အမျိုးသမီးဇာတာအတွက်
အထက်ပါ မ ၏ဇာတာအရ စန်း သည် မိဿရာသီတွင် ရှိလေသောကြောင့် ကန်ရာသီတွင် စန်း တည်သော အမျိုးသားများကိုလည်းကောင်း၊ မေထုန်ရာသီတွင် စန်း တည်သော အမျိုးသားများကိုလည်းကောင်း မထိမ်းမြားသင့်ပေ။
ဤတွင် ရွေးချယ်နည်းများ တင်ပြပြီးဖြစ်ပါသည်။ လူမှုဘ၀တွင် အိမ်ထောင်ဖက်များ၏ ဇာတာများကို လက်တွေ့စစ်ဆေးသောအခါ၊ အထက်ပါအချက်များ မကိုက်သော်လည်း သာယာတည်မြဲကြသော အိမ်ထောင်ရှင်များကို ကြုံတွေ့ရနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စရိုက်အားဖြင့်ကွဲပြားကာ (လဂ်တည်နေပုံ မသင့်ခြင်း) စိတ်သဘောထားမတိုက်ဆိုင် (စန်းအားဖြင့် မသင့်ခြင်း) ကြသော်လည်း သားသမီးသံယောဇဉ်ကြောင့် (၅တန့်ဘာဝ စိုးမိုးမှုများတိုက်ဆိုင်ခြင်း) ဂုဏ်သိက္ခာအရ (၉ တန့်ဘ၀စိုးမိုးမှုအချင်းချင်း သင့်မြတ်ကြခြင်း) ကျင့်ဝတ်ထုံးတမ်းအရ (၁၁တန့်စိုးမိုးမှုအရ သင့်မြတ်ကြခြင်း) စသည်တို့ဖြင့် ခိုင်မြဲနိုင်ကြသောကြောင့်ဖြစ်ပါသည်။
နောင်ရေးကို မျှော်တွေးကာ အလွဲအမှားနည်းအောင် ကြံဆောင်လိုသူ ဇနီးမောင်နှံတို့သည် နက္ခတ်ဗေဒင်စသည့် လောကီပညာရပ်များကို အသုံးချရာတွင် ခက်ခဲပင်ပမ်းစွာ တွက်ချက်ရမည်သာဖြစ်ပါသည်။ သင့်မသင့်ကိုလည်း သိရမည်ဖြစ်သည်။
နက္ခတ်ဗေဒင်နည်းအရ သင့်မသင့်သိစေခြင်းသည် လမ်းဆုံးမဟုတ်ပါ။ မလွှဲရှောင်နိုင်ကာ မသင့်သောလမ်းကို ရွေးချယ်ရမည်ဆိုပါကလည်း ရှေ့ဆက်မည်သို့မည်ပုံ လျှောက်လှမ်းကြမည်ဟူသော လမ်းညွန်မှုကို နက္ခတ်ဗေဒင်ပညာက ပေးခဲ့သင့်ပေသည်။
အားနည်းချက်များကို သိရှိကာ တစ်ဦးနဲ့တစ်ဦး စာနာထောက်ထား နားလည်ပေးခြင်း၊ မင်္ဂလာမောင်နှံအတွက် မင်္ဂလာအခါကောင်းများကို ရွေးချယ်ကာ မင်္ဂလာဆောင်ခြင်း၊ နှစ်ဦးပိုင်လုပ်ငန်းဆောင်တာများ အစပျိုးခြင်းစသော လောကီအစီအရင်များ ပြုသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်ခင်ဗျား။
နှစ်ဦးသားအတွက် အခါကောင်းများကို အခါတော်ပေး နတ်ရေးငယ်ရွှေစာ အမည်ရ POST ဖြင့် မင်္ဂလာအချိန်ရွေးချယ်နည်းအဖြစ်ဖေါ်ပြခဲ့ပါသည်။ ၄င်းအချိန်များသည် မင်္ဂလာအခါအတွက်ပင်သာမက၊ လုပ်ငန်းစပ်တူလုပ်သူများလည်း အသုံးပြုနိုင်ကြောင်း ထပ်ဆင့်တင်ပြအပ်ပါသည်ခင်ဗျာ။
ကောင်းခြင်းအဖြာဖြာ မင်္ဂလာဖြင့် ပြည့်စုံပါစေကြောင်း ဆုမွန်တောင်းလျှက်
ကိုပခန်း
(4.11.2010)
Stylistic transformation
Stylistic Transformation
Not only . . . but also
(၁) ဝါကျနှစ်ပိုင်းတွင် မတူတာနှစ်ခုအနက် တစ်ခုရှေ့မှာ not only ထားပြီး အခြားတစ်ခုရှေ့တွင် but also ထားဆက်ပါ။
(၂) တူသည့် စကားစုနှစ်ခုမှ တစ်ခုကို ဖြုတ်ပါ။
(၃) မတူသော နှစ်ခုကို ဆက်လျှင် but also နောက်က Subj: ၏ အနည်း/အများ ကို ကြည့်ပြီး သင့်လျှော်သည့် Verb နှင့် တွဲဖက်သုံးစွဲပါ။
Eg: The young girl is playful. She is also talkative.
The young girl is not only playful but also talkative.
By the time <=> When
(၁) By the time အစား When ထားပြီး ရေးပါ။
(၂) ဝါကျတွေကို မူလ အတိုင်း ရေးပါ။
Eg: By the time the train arrived, we had already bought the tickets.
When the train arrived, we had already bought the tickets.
When clause <=> V-ing phrase
(၁) When နှင့် Subj: ကို ဖြုတ်ပါ။
(၂) Verb ကို V-ing ပြောင်းပါ။
(၃) ကျန်ဝါကျပိုင်းကို နောက်က ဆက်ရေးပါ။
(၄) အခြားဝါကျမှ (Pronoun) နာမ်စားကို မူလဝါကျမှ (Noun) နာမ်ဖြင့် အစားထိုးပြောင်းပါ။
Eg: When the children heard the bell, they shouted with joy.
Hearing the bell, the children shouted with joy.
Adj-er + than <=> not as + Adj + as
(၁) ပေးထားသော ဝါကျ၏ အဆုံးရှိ (Noun) နာမ်နှင့် စရေးပါ။
(၂) (Verb to be) နောက်မှ (not) ထည့်ပါ။
(၃) (Adj-er) သဏ္ဍာန်ကို (Adj) ရိုးရိုးသဏ္ဍာန် ပြောင်းပါ။
(၄) ၄င်း (Adj) ကို (as…as) ကြားမှာထားပြီး နောက် ဆက်ရေးပါ။
(၅) ဝါကျအဆုံးမှာ မူလဝါကျ၏ အစရှိ (Noun) နာမ် ဆက်ရေးပါ။
မှတ်ချက်- (-er) သဏ္ဍာန်မပြောင်းနိုင်လျှင် more နှင့် တွဲသုံးပါ။
Eg(1): Nyi Nyi is taller than Ko Ko.
Ko Ko is not as tall as Nyi Nyi.
Eg(2): Silver is not as valuable as gold.
Gold is more valuable than silver.
Both . . . and
(၁) ဝါကျနှစ်ခုတွင် မတူသော (Subj:) နှစ်ခု(သို့) (Obj:) နှစ်ခုကို (both – and) နှင့်ဆက်ပါ။
(၂) ဝါကျနှစ်ခုတွင် တူသော အပိုင်းနှစ်ခုမှ တစ်ခုသာ ယူဆက်ပါ။
(၃) (Both – and) နှင့် ဆက်ပါက (verb) ကြိယာသည် (plural form) အများကိန်း သဏ္ဍာန်သာ ဖြစ်ရပါမည်။
Eg: Physics is a science subject. Chemistary is a science subject.
Both Physics and Chemistary are science subjects.
Nouns in Apposition
(၁) ဝါကျနှစ်ကြောင်းတွင် (Noun+be+Noun) ရှာပါ။
(၂) (Noun+be) ကို ဖြုတ်ပါ။ နောက်ဆုံး ကျန်သော (Noun) နာမ် စကားစုကို အဓိက ပင်မဝါကျ (Main Sentence) တွင် ရှိသော သက်ဆိုင်ရာ (Noun) နာမ်နောက်က (,) ခံ၍ ကပ်ဆက်ပေးပါ။
(၃) ဝါကျ ထိပ်မှာရှိသော (Noun) ကို အထူးပြုဆက်လိုသော် အထူးပြု (Noun) နာမ်စကားစု၏ ရှေ့နှင့်နောက်က (,) တစ်ခုစီ ခံသုံးပါ။ ဝါကျ၏ အဆုံးမှာ ရှိသော ကို အထူးပြုလိုပါက (Noun) နှစ်ခုကြားတွင် (,) တစ်ခုသာ ခံဆက်ရမည်။
(i) Noun, Noun, ………………………………………..
(ii) ………………………………………, Noun, Noun.
Eg: Rice is our staple food. Rice grows well in Myanmar. (Main Sentence)
Rice, our staple food, grows well in Myanmar.
Either . . . or
(၁) ဝါကျနှစ်ပိုင်းတွင် မတူသည့် အရာနှစ်ခုကို တစ်ခုစီရှေ့က either နှင့် or ထားဆက်ပါ။
(၂) တူသည့် အရာများအနက် တစ်ခုဖြုတ်ပြီး တစ်ခုပြန်သုံးပါ။
Eg: Win is using the phone, or Lin is using the phone.
Either Win or Lin is using the phone.
မှတ်ချက်- (Verb) ကြိယာကို (or) နောက်က နာမ် အနည်း/အများကို ကြည့်၍ ဆီလျော်အောင်သုံးပါ။
Neither . . . nor
(၁) ဝါကျနှစ်ပိုင်းတွင် မတူသည့် အရာ(၂)ခုကို တစ်ခုစီရှေ့မှာ neither နှင့် nor ထည့်ပါ။
(၂) တူသည့်အပိုင်း(၂)ခုမှ တစ်ခုသာယူပါ။
(၃) (Verb) ကြိယာကို အငြင်းသဏ္ဍာန်မှ (Affirmative) အဟုတ်သဏ္ဍာန်အဖြစ် ပြောင်းပါ။
(၄) (nor) နောက်မှာရှိသည့် (Noun) နာမ်၏ အနည်း/အများနှင့် (Person) ပုဂ္ဂိုလ်ကို ကြည့်ပြီး ဆီလျှော်သည့် (Verb) ကြိယာကို အသုံးပြုပါ။
Eg: We cannot speak French. We cannot speak German.
We can speak neither French nor German.
No sooner . . . than
(၁) As soon as အစား No sooner ထည့်ပါ။
(၂) မူလဝါကျ (subj:) နောက်က had ကို (subj:) ရှေ့သို့ ပို့ပေးပါ။
(၃) ဝါကျ အလယ်တွင်ရှိသော (,) အစား (than) ထားပါ။
(၄) ဝါကျအပိုင်းသည် နောက်မှာရှိလျှင် ရှေ့တင်ပြီးမှ No sooner နှင့် ပြောင်းရေး။
(၅) အကယ်၍ (subj: + had + V3) မဟုတ်ဘဲ (subj: +V2) ဖြစ်လျှင် (did+subj:+V1) ပြောင်းရေးပါ။
(၆) ဝါကျတွင်(just) ပါလျှင်ဖြုတ်ပါ။ ဝါကျအလယ်တွင်(when) ပါလျှင် (than) နှင့် အစားထိုးရေး။
Eg(1): They had just arrived at the airport when the plane left.
No sooner had they arrived at the airport than the plane left.
Eg(2): She went to bed as soon as she reached home.
No sooner did she reach home than she went to bed.
The + more / less / -er . . . , The + more / less / -er
(၁) ဝါကျရှိသော အဆက်ပုဒ်များ (when, As, And, If ) စသည် စကားလုံးများ ဖြုတ်ပါ။
(၂) ဝါကျနှစ်ပိုင်းမှ (Adj) နှင့် (Abverb) များရှာပြီး (-er) သဏ္ဍာန်ပြောင်း၍ (The) နှင့်တွဲပါ။ ဝါကျတစ်ပိုင်းစီ၏ ရှေ့သို့ပို့ပေးပါ။
(၃) (-er) သဏ္ဍာနပြောင်းမရပါက၊ (more) နှင့်တွဲသုံးပါ။
(၄) (Adj) သည် (Noun) နာမ် အထူးပြုဖြစ်လျှင် (Noun) ပါတွဲ ပြီးပို့ပါ။
(၅) ဝါကျအလယ်မှာ (,) ခံပေးပါ။
Eg: As the boy grew older, he became stronger.
The older the boy grew, the stronger he became.
It is/ was + Noun/ Noun Group + who/ that clause
(၁) ပြန်ရေးရမည့်ဝါကျကို (It is/ was) နှင့်စပါ။
(၂) အထူးပြုရမည့် (Noun/ Noun Group) နာမ်၊ နာမ်စကားစုကို နောက်ကဆက်ရေးပါ။
(၃) သည် လူဆိုလျှင်(who) သက်မဲ့အရာဝတ္ထုနှင့် တိရစ္ဆာန် ဖြစ်လျှင် (that) နှင့်ဆက်ရေးပါ။
(၄) မူလဝါကျမှ ကျန်သောအပိုင်းကို (who/ that) နောက်ဆက်ရေးပါ။
Eg(1): Fabricius discoverde the valves of the veins.
It was Fabricius who discovered the valves of the veins.
Eg(2): Favricius discovered the valves of the veins.
It was the valves of the veins that Fabricius discovered.
Active and Passive Voice
Eg(1): Capillaries gather impurities from the body. (Active)
Impurities are gathered from the body by capillaries. (Passive)
Eg(2): Hindley and Ellen treated Heathcliff badly. (Active)
Heathcliff was badly treated by Hindley and Ellen. (Passive)
Eg(3): We can see wheels with teeth on any bicycle. (Active)
Wheels with teeth can be seen on any bicycle. (Passive)
Eg(4): People use wheels today for many purposes. (Active)
Wheels are used today for many purposes. (Passive)
Study the following table.
No
Tenses
Active
Passive
1
Simple Present
V1 (s, es)
am, is, are + V 3
2
Simple Past
V2
was, were + V3
3
Simple Future
will, would,shall, should
can, could, may, must + V1
will, would,shall, should
can, could, may, must + be + V3
4
Present Continuous
am,is , are + V-ing
am, is, are + being + V3
5
Past Continuous
was, were + V-ing
was, were + being + V3
6
Present/Past Perfect
has, have, had + V3
has,have, had + been + V3
(Subject) ပြုလုပ်သူကို အဓိကထား ဦးစားပေးရေးလိုသော် (verb) ကြိယာကို (Active Voice) ပုံစံဖြင့် ဖော်ပြရပါသည်။ အကယ်၍ (Object or Receiver of the action) ပြုမူခြင်းကို ခံရသူကို အဓိကထား ဦးစားပေး ပြောလို၊ ရေးလိုပါက (Verb) ကြိယာကို (Passive Voice) ပုံစံဖြင့် ဖော်ပြရေးသားရပါသည်။
Sunday, November 3, 2013
huawei firmware step2 errorရှင်းနည်း
2 error ဖြေရှင်းနည်း
အားလုံးသိပြီးသားလားတော့မသိဘူး ကျွန်တော်ကတော့ခုမှသိရလို့ဝေမျှလိုက်ပါတယ်C8813 မှာ online update တင်မိပြီး build no.173/175 တို့ကိုတင်မိပြီဆိုရင်1500 Sim Card ကိုမသိတော့ပါဘူး firmware downgrade ပြန်ဆင်းမယ်ဆိုတော့လဲ step 2 error ရှိနေပါတယ် အဲ့ဒါကိုဖြေရှင်းပေးမဲ့
နည်းလေးကိုဝေမျှချင်ပါတယ် အရင်ဆုံး member အကို Aung Gyi ကို credit ပေးပါတယ် အောက်ကလင့်တွေမှာပေးထားတဲ့ ဖိုင်လေးကိုဒေါင်းလိုက်ပါ ပြီးရင် Huawei firmware တင်သလိုမျိုး Dload ဖိုင်ကို SD Card ထဲထည့် Volume UP+Down &Power ခလုတ်သုံးခုလုံးတွဲနှိပ်ပြီးတင်ရပါမယ် ပြီးရင်တော့ step2error ဖြစ်နေတဲ့ 167/168/169 ဘယ် Firmware မဆိုပြန်တင်ကြည့်ပါ အောင်မြင်သွားပါလိမ့်မယ်
ကဲဒေါင်းမယ်
Download step 2 error
Subscribe to:
Posts (Atom)