မွေးသက္ကရာဇ်ကို
မွေးနေ့မလို့ မွေးနံမလို့ မွေးချိန်မလိုပဲ တွေးနေတဲ့ပြဿနာအခက်အခဲတွေရဲ့ အဖြေကိုမသိချင်ဘူးလား။မေးချင်တဲ့မေးခွန်းရှိရင်မေးလိုက်ပါ။
တိုက်ဆိုင်မှုရှိရင် တိတိကျကျအဖြေပေး လိုက်မယ်၊ ဖြေမှာက ဝေဒင်္ဂမဟုတ်ပါဘူးဟောဒီ တိုးနယားလေးပါ။
မေးချင်တဲ့မေးခွန်းကို ရေးချလိုက်ပါ။ ပြီးတော့
စကားအလုံးကို သေသေချာချာရေတွက်ရရင် (၁၂)နဲ့ စား၊ အကြွင်းဂဏန်းကိုကြည့်ပြီး သက်ဆိုင်ရာ
အပိုဒ်မှာ ဖတ်ကြည့်ပါ။ သိချင်တာတွေ သိရပါလိမ့်မယ်။ (မေး ခွန်းစကားအရေအတွက်က ၁၂-ထက်နည်းရင်
စကား အခွန်းရေအတိုင်းသက်ဆိုင်ရာ စာပိုဒ်မှာ ဖတ်ကြည့်ပါ။ မေးခွန်းက(၉)လုံးရှိရင် (၉)ပိုဒ်မှာဖတ်ကြည့်ပေါ့)။
၁-ဂဏန်းကြွင်း
ဝင်ငွေထွက်ငွေမှာရတာနဲ့ကုန်တာမျှနေပြီးမစုဆောင်းနိုင်သေးဘူး၊
ဥစ္စာပစ္စည်းကြောင့် သောကများ ရမယ်၊ စိတ်ထဲမှာ မတင်မကျ ဖြစ်နေတတ်တယ်။ ခရီးထွက်ဖို့ အကြံရှိပေမယ့်
မထွက်ဖြစ်သေးပါဘူး။
အရှေ့တောင်ထောင့် လူတစ်ယောက်လာပြီး တည်းခိုရင်
လက်မခံပါနဲ့။ လက်ခံရင် အန္တရာယ် ဖြစ်နိုင်တယ်၊ ငွေကုန်ကြေးကျများပြီး သူခိုးရန် ၊ မီး
ဘေးရန်၊ ရှိတယ်။ ရုံးတွေဂတ်တွေမှာ အမှုအခင်း ရင်ဆိုင်ရ တတ်တယ်။
စကားပြောဆင်ခြင်ပါ။ ခြေလေးချောင်း ခြေနှစ်
ချောင်း ရွှေထွက်တတ်တယ်၊ အမျိုးသမီးကိစ္စနဲ့ ပတ် သက်ပြီး ကိုယ့်အထက်လူကြီးတွေက အပြစ်မြင်လိမ့်
မယ်။
ရတနာသုံးပါးဆည်းကပ်ပါ၊ ဆွမ်းရေချမ်းကပ် လှူပါ။
၂-ဂဏန်းကြွင်း
မနှစ်ကစပြီး သောကရောက်နေတယ်၊ အိမ်အ ပြောင်းအရွှေ့များရုံမကပဲ ဥစ္စာပစ္စည်းတွေ
ဆုံးရှုံးနေ တယ်။ ဒါပေမယ့် အခုတော်လာပြီး အကြံအစည်ရှိရင် မကြာခင် အောင်မြင်လိမ့်မယ်။
ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ စုတ်ဝင်မယ်။ လူမျိုးကွဲထဲက သင့်ကို ကူညီလိမ့်မယ်။ ပြည်သူ့ဝန်ထမ်းဆိုရင်
ရာထူးတက် မယ်။
နှလုံးသားရေးရာမှာ သိပ်ကောင်းနေတယ်။ ကောင်းသင့်လျက်နဲ့
မကောင်းရင်အန္တရာယ် တွေ့နိုင် တယ်။ သတင်းကောင်းတွေ ကြားရမယ်။ မြောက်အရပ် က အပူသည် ရောက်လာရင်
လက်မခံပါနဲ့။ သူ့အပူက ကိုယ့်အပူဖြစ်လာမယ်။ ရတနာသုံးပါးကို ဆီမီးပူဇော်ပါ၊ လူကြီးများကို
ထမင်းဖိတ်ကျွေးပါ။
၃-ဂဏန်းကြွင်း
ကာယစွမ်း၊ ဥာဏ်စွမ်း၊ ၀ိရိယစွမ်းရှိသလောက်
ကြိုးစားပေမယ့် အကျိုးမများသေးဘူး၊ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့၊ ခရီးသွားဖို့ အကြောင်းပေါ်
လာမယ်။ ၀င်ငွေထွက်ငွေမျှတရုံပဲ ရှိနေဦးမယ်။ လူမ ပင်ပန်းပေမယ့် စိတ်ပင်ပန်းနေတယ်။ ဘာလုပ်ရမလဲ
ဘယ်လို လုပ်ရမလဲ ဆိုပြီး စိတ်များနေတယ်။
ကိုယ်ကမြှောက်စားထားတဲ့သူက ကိုယ့်ကိုပြန်
ပြီး အန္တရာယ်ပြုနေတယ်။ အရှေ့တောင် ထောင့်နဲ့ အနောက်မြောက်ထောင့်က ရန်လိုမယ့်သူရှိနေတယ်။
အသားနီနီမျက်လုံးကျယ်ကျယ်နဲ့ လူက သင့်ကိုအငြိုး ထားပြီး မတရားကြံစည်နေတယ်။ သူ့ကြောင့်
အမူ အခင်းဖြစ်နိုင်တယ်။
ကိုယ့်ရှိရင်လာပြီး မှီခိုအားထားမယ့်သူတွေရှိ
ပေမယ့် ကိုယ်ကချို့တဲ့လာပြီးဆိုရင် ပြန်ပြီးကူညီမယ့် သူမရှိပဲ ဖြစ်နေပါတယ်၊ ဒါကြောင့်
သောကတွေ့ရပါဦး မယ်။ ရင်ဘတ်၊ ဦးခေါင်းမှာ ဥပုဒ်ဖြစ်နိုင်တယ်။
ရတနာသုံးပါး ပူဇော်ပါ၊ တံတားအို တံတားပျက်
ပြုပြင်ပါ၊ ငါးလွှတ်ဇီဝိတဒါန ပြုပါ။
၎-ဂဏန်းကြွင်း
ပြီးခဲ့တဲ့-၆လလောက်ကစပြီး အသားညှိညှိနဲ့
လူတစ်ယောက်က နှောက်ယှက်တာကြောင့် အမှုဖြစ်နိုင်တယ်။ မီးဘေးသူခိုးဘေးရှိတယ်၊ အခုတော့
သက်သာ လာပြီးလို့ ပြောနိုင်တယ်။ တောင်အရပ်၊ အနောက် အရပ်က ဗုဒ္ဓဟူးနံဝင်နိုင်တယ်။ အခက်အခဲတွေကို
မိတ်သစ်မိတ်ဟောင်းများက ကူညီလိမ့်မယ်။
ခရီးသွားရင်ကောင်းတယ်၊ ဘယ်သွားသွား အ ကျိုးရှိနိုင်တယ်။
အချစ်ရေးအဆင်ပြေမယ်။ ပြည်သူ့ဝန် ထမ်းဖြစ်ရင် အထက်လူကြီးရဲ့ စတာကို ခံစားရမယ်။ အမျိုးသမီးဆိုရင်
ကိုယ့်ထက်သာတဲ့လူက လက်ထပ် ခွင့်ကောင်းလိမ့်မယ်၊ အမှုဖြစ်နေရင် နိုင်မယ်။
အကြံစည်ရှိရင် နောက်ထပ်၁လ ခွဲနေမှ အောင်မြင်နိုင်မယ်။
တခုလပ် မုဆိုးမတွေ့လာတည်း ရင် လက်မခံပါနဲ့။ အစစ်ဆေးအဖမ်းအဆီး ခံရမယ်။
ဝမ်းဗိုက်အန္တရာယ်ရှိတယ်၊ အစားအသောက် ဆင်ခြင်ပါ။
ဘုရားထံမှာ ဆွမ်း၊ ဆီမီး ပူဇော်လှူဒါန်းပြီး လိုရာဆုတောင်းပါ။
၅-ဂဏန်းကြွင်း
စိတ်ထဲမှာ မကြည်မသာဖြစ်နေပြီး ခရီးထွက်ရ
ရင် ကောင်းမလားလို့ တွေးနေတယ်။ ရှာသမျှဝင် ငွေဟာ ကုန်တာချည်းဖြစ်နေပြီး အဖတ်မတင်ပဲ
ရှိနေ မယ်။ ချစ်သူတွေပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် သဘောထားချင်းကွဲလွဲပြီး လမ်းခွဲရတတ်တယ်၊
သူခိုး ဘေး၊ မီးဘေး ဂရုစိုက်ပါ။
ခြေနှစ်ချောင်းအတွက်နဲ့ ပတ်သက်ပြီး ရုံးပြင်
ကနား ရောက်ရတတ်တယ်၊ အနောက်မြောက်ဘက် ဆီက ရန်လိုတဲ့သူတွေရှိနေတယ်။ မနာလိုဖြစ်ပြီး အကောက်ကြံနေတယ်။
ခြေလေးချောင်း အ၀င်မခံပါနဲ့။ အမှုကိစ္စရှိနေရင် နိုင်ဖို့ရာခက်ခဲမယ်။
ဝမ်းဗိုက်၊ ရင်ဘတ် ဥပဒ်ဖြစ်နိုင်တယ် ကြံစည်ထားတဲ့အကြံအစည်အတွက်
ရတက်မအေး ဖြစ်နေ တယ်။ ဒါပေမယ့် နောက်ရက်အစိတ်ကျော်ရင် အကြံအောင်မယ်၊ ကြာသပတေးနံ ၀င်ကိန်းရှိတယ်။
မြတ်စွာဘုရားကို ရေချမ်းကပ်ပါ။ သီလဆောက်တည် ပါ။
၆-ဂဏန်းကြွင်း
၆-ဂဏန်းဟာ တိုးနယားရဲ့ ဘယ်ခြေမှာ ရှိ တယ်၊
ဒါ့ကြောင့် လှုပ်ရှားသွားလာနေရမယ်၊ နေအိမ်အ ပြောင်းအရှေ့ရှိမယ်၊ ခရီးယာယီများ သွားရမယ်၊
ဝင်ငွေနဲ့ထွက်ငွေက ထွက်ငွေကများနေမယ်။ အကြံအ စည်နှစ်မျိုးရှိပေမယ့် အခြေအနေက သိပ်မဟန်
သေးဘူး။
စုတ်-လာဘ်ဟာ တောင်နဲ့မြောက်က ၀င်လိမ့် မယ်၊
ရွှေနဲ့ကျောက် တွဲပြီးဝင်မယ်၊ မိတ်ကောင်း ဆွေကောင်း ရရှိမယ်။ မကြာခင် အကြံအောင်မယ်၊
အမှုကိစ္စရှိရင် နိုင်နိုင်ပေမယ့် ငွေရှုံးမယ်။
မလိုတဲ့သူတွေရဲ့ နှောက်ယှက်တာ မတရားကြံ စည်တာကို
ခံရမယ်၊ ကိုယ့်အကြီးအကဲတွေက ကူညီမ စတာကြောင့် သူတို့ကို အနိုင်ရရှိမယ်၊ ကိုယ့်ထက်ငယ်
တဲ့သူတွေအတွက် သောကပိုရမယ်။
ဘုရားတရား မမေ့ပါနဲ့ မွေးနေ့မှာ ဆွမ်း၊ ဆီမီး၊
ရေချမ်း၊ ပန်း၊ အမွှေးနံ့သာ ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။ သံဃာတော်များကို ဆွမ်းလှူပါ။
တခါတလေ
အပျော်တမ်းဗေဒင်ကလေးတွေဟာ
ကိုယ့်အတွက်
ဟုတ်နေသလိုလို
ဖြစ်နေတာကဘာကြောင့်လဲ….
လူတိုင်းလွယ်လွယ်ကူကူ
သိချင်တတ်ချင်ကြတဲ့အတွက်
အပျော်တမ်းဗေဒင်ပညာ
ပေါ်ပေါက်လာရတာပါဆိုရင်
ငြင်းမလား……
၇-ဂဏန်းကြွင်း
အရင်က ဆုံးရှုံးပျက်စီးရတာတွေ ကြုံခဲ့ရပြီး
သောကများရတာများပြီး နေရာအပြောင်းအရွေ့၃-ကြိမ်၊ ၃-ခါကြုံပြီးရင် ကောင်းလာမယ်။ ခြေလေးချောင်း
၊ ခြေနှစ်ချောင်း၊ စုတ်လာဘ်ဝင်မယ်။ အမျိုးသမီးကိစ္စ ကြောင့် ပြဿနာဖြစ်နိုင်ပြီး အထက်လူကြီးတွေ့ရဲ့
ငြိုငြင်မှုကို ခံရမယ်။ အပြောအဆိုခံရမယ်။ ဒါပေမယ့် အစိုးရ၀န်ထမ်းဆိုရင် ရာထူးတက်နိုင်တယ်။
သာမန်ဆို ရင် အမွေရတတ်တယ်၊ ထီပေါက်နိုင်တယ်။
မိတ်ကောင်းဆွေကောင်းတွေတွေ့နိုင်ပြီး သင့်
ကို ကူညီမစမယ်၊ အကြံအစည်ရှိရင် အောင်မြင်မယ်၊ လူဧည့်သည်လာရင် အောင်မြင်မယ်။ လူဧည့်သည်လာ
ရင် လက်မခံပါနဲ့၊ စကားအခြေအတင်ပြောရမယ်၊ အရှေ့မြောက်အရပ်က တခုလပ်၊ မုဆိုးမက စွပ်စွဲလိမ့်
မယ်၊ ရှေ့လဆန်းပြီးရင် အညံ့ကအကောင်းကို ရောက်မယ်။
တန်ခိုးကြီးဘုရား တဆူဆူမှာ ကုသိုလ်ဒါနပြုပါ၊
ရေချမ်းကပ်လှူပါ။
၈-ဂဏန်းကြွင်း
၈-ဂဏန်းဟာ တိုးနယားရဲ့ ညာဘက်ခြေမှာ ရှိ နေတယ်၊
ဒါ့ကြောင့် ရှာသမျှဥစ္စာဓန မတည်မြဲပဲ ခရီးယာယီများနေပါတယ်။ အကြံကောင်းအစည် ကောင်းတွေ
ရှိပါလျက်နဲ့ နှောင့်ယှက်နေသူတွေ ရှိတာကြောင့် မအောင်မြင်ပဲ ရှိနေတတ်တယ်။ သူခိုးဘေး၊
မီးဘေးရှိပေမယ့် ကိုယ်ဝန်ဆောင်မိန်းမရှိ လို့ အိမ်မှာတင်စီးပွားဖြစ်ရင် အဲဒီရန်တွေက
ကင်းဝေးနိုင်ပါတယ်။
အရှေ့မြောက်ကနေ အရှေ့အရပ်ဆီကို လှည်း၊ လှေ
စတဲ့ယာဉ်တွေနဲ့ ခရီးသွားရမယ်၊ အပေါင်း အသင်းမှားတဲ့အတွက် ရုံးရောက်ဂါတ်ရောက် ရောက်ရ
တတ်ပါတယ်။ စကားအငြင်းအခုံဖြစ်ပြီး ရန်များရမယ်။ ခြေထောက် ဦးခေါင်းတို့မှာ အန္တရာယ်ဖြစ်နိုင်တယ်။
သင့်ယုံကြည်စိတ်ချရတဲ့သူကပဲ သင့်ကိုအကောက် ကြံစည်နေတယ်။ သတိထား၊ သားမယားဆွေမျိုး ကစပြီး
မိတ်ဆွေအပေါင်းအသင်းတွေကပါ သင့်ကို အထင်လွဲပြီး မကောင်းမြင်နေတတ်ပါတယ်။ ကိုယ့် အောက်လက်ငယ်သားများကလည်း
ရန်ပြုချင်နေပါ တယ်။
ချစ်သူကြားမှာပဲဖြစ်ဖြစ်၊ လင်မယားကြားမှာပဲ
ဖြစ်ဖြစ်၊ မနာလိုတဲ့သူတွေက ကြားဝင် နေတာကြောင့် လမ်းခွဲရတတ်တယ်။ အနောက်တောင်ထောင့်ဘက်ဆီ
မှာ အသုဘရှိရင် မသွားပါနဲ့၊ မြွေဘေး၊ ကင်းဘေး မြင် ပါတယ်။
ရတနာသုံးပါး ဆည်းကပ်ပါ၊ ဆွမ်း၊ ရေချမ်း၊
ပန်း၊ ဆီမီးအစုံအလင်နဲ့ ပူဇော်ကန်တော့ပြီး လိုရာဆုတောင်းပါ။ ဇီဝိတဒါနပြုချင်ရင် ငါး၊
ကြက် လွှတ်ပါ။
၉-ဂဏန်းကြွင်း
၉-ဂဏန်းဟာ တိုးနယားရုပ်ရဲ့ ဗိုက်မှာရှိနေပါ
တယ်၊ ဒါ့ကြောင့် လေရောဂါ၊ ရင်နာရောဂါများကျ ရောက်တတ်ပါတယ်။
စီးပွားရေးနဲ့ ဥစ္စာရှာရာမှာတော့ ၀ီရိယစိုက်
ထုတ်ရုံလောက်သာ ဖြစ်ထွန်းတတ်ပါတယ်၊ လူချမ်း သာပေမယ့် စိတ်မချမ်းသာပဲ မကြည်မလင် ဖြစ်နေ
တတ်တယ်။
အရှေ့တောင်အရပ်က အသားနီတဲ့သူ၊ အသား ညိုတဲ့သူနဲ့
အမှုအခင်းဖြစ်တတ်တယ်။ ခြေနှစ်ချောင်း ၀င်ကိန်းရှိတယ်။ ခရီးထွက်ပြီးပေမယ့် နောက်ထပ်ထပ်
ထွက်ဖို့ ကြံစည်နေတယ်။ ရှေ့လပြည့်ကျော်ရင် အထမြောက်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံရှိရင်လည်း
အောင်မြင်မယ်၊ လူမျိုးကွဲထဲက ကူညီမ စမယ်။
ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ စုတ်ဝင်ကိန်းရှိ
တာ မြင်နေတယ်။ အရှေ့က (ဒါမှမဟုတ်) အနောက်အရပ်က လယ်ယာမြေ ပိုင်ဆိုင်နိုင်ခွင့်ရှိ တယ်၊
ခရီးထွက်ရင် ကောင်းတယ်၊ အကြံအောင်တဲ့ အပြင် သွားလေရာအရပ်မှာ အဆင်ပြေမယ်။ အထက် လူကြီးတွေ
ကြည့်ရှုတာကြောင့် နဂိုကထက်သာ လွန်မယ်။
ဘုရားတရားမမေ့ပါနဲ့၊ ရေချမ်းအိုးတည်ပြီး
လှူ ပါ၊ တံတားအိုး တံတားပျက် ပြင်ဆင်လှူဒါန်းပါ။
၁၀-ဂဏန်းကြွင်း
၁၀-ဂဏန်းဟာ တိုးနယားရဲ့ ဘယ်ဘက်လက် မှာ ကျရောက်နေတယ်၊
ဒါကြောင့် စီးပွားဖြစ်ပေမယ့်၊ ၀င်သမျှထွက်ပြီး အဖတ်မတင် မစုဆောင်းမိ ဖြစ်နေပါ တယ်။
လူနဲ့စိတ်နဲ့မကပ်ဘဲ အတွေးတွေများနေမယ်၊ သားမယားနဲ့တကွ ကိုယ့်ဆွေမျိုးသားချင်းအပေါင်း
အသင်းတွေအတွက် သောကများနေတယ်။ မြောက် ဘက်ကလာတဲ့သူ သတိထား၊ ကိုယ့်လူမဟုတ်ဘူး။ ကိုယ့်ရန်သူရဲ့လူ
ကိုယ့်ဆီလာအောက်ကျို့ပြီး စကား လာနှိုက်တာ ဖြစ်တယ်။
စကားအပြောအဆို ဆင်ခြင်ပါ။ သူ့စကားက ကိုယ့်စကားဖြစ်ပြီး
ရန်များတတ်တယ်။ ရုံးပြင်ကနား ရောက်ရတတ်တယ်။ အနှောင့်အယှက်တွေကြောင့် အကြံပျက်ရတတ်တယ်။
တောင်အရပ်က နဖူးမောက် နှာယောင်ကောက်နဲ့လူလာရင် လက်မခံပါနဲ့၊ ပစ္စည်း ပျောက်တတ်ပါမယ်။
ကိုယ့်ကိုလည်း နှောင့်ယှက် ဖျက်ဆီးမယ်။
အကူအညီ အပေးအကမ်းဆင်ခြင်ပါ။ ကိုယ်က လွယ်လွယ်နဲ့
ကူညီပေးနိုင်ခဲ့မယ့် ကိုယ့်ကူညီဖို့ကျ တော့ ခက်ခဲနေမယ်လေ။ ဘာပဲပြောပြော မွေးလက ကျော်ရင်
ကောင်းမယ်။
ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပြီး လိုရာဆု တောင်းပါ။
၁၁-ဂဏန်းကြွင်း
၁၁-ဂဏန်းဟာ
တိုးနယားရဲ့ ရင်ညွန့်မှာ ရှိနေပါတယ်။ ဒါကြောင့် မိမိရင်သွေး(၀ါ)သားသမီးအတွက် ပူပင်
သောက ရောက်ရတတ်ပါတယ်။ ကြုံရတဲ့ဒုက္ခကလည်း မအေးပဲရှိနေပါသေးတယ်။ ကိုယ့်အလုပ်ထဲက လူတွေ
ကပဲ ကိုယ့်ကို နှောင့်ယှက်ဖျက်ဆီးနေပါတယ်။ အရှက် တကွဲအကျိုးနည်းအောင်လည်း သွားပုပ်လေလွင့်
ပြောတာကို ခံရပါမယ်၊ အရာရာမှာ စိတ်တိုင်းမကျပဲ လိုရာဆန္ဒ မပြည့်မ၀ဖြစ်နေရပါတယ်။
သိပ်မဝေးတဲ့ခရီးကို သွားရကိန်းရှိတယ်။ အရင်ကပြောခဲ့တဲ့
စကားဟောင်းတွေ ပြန်ပေါ်လာပြီး ပြဿနာဖြစ်တတ်ပါတယ်။ ကိုယ့်သားမယား၊ ဆွေမျိုး၊ အပေါင်းအသင်းတွေနဲ့လည်း
မသင့်မြတ်ပဲ ရှိနေတယ်။
ဖျားနာရောဂါ၊ ဆီးချုပ်ဝမ်းချုပ်၊ ချောင်းဆိုး၊
ရင်ကျပ်စတဲ့ဥပဒ်များ ဖြစ်နိုင်ပါတယ်။ နောက် ၁-ရက် ကျော်ရင် ကောင်းပါမယ်၊ အဲ့ဒီကျမှ
အကြံအစည်တွေ အောင်မြင်မယ်။ ဆန့်ကျင်ဘက် အမျိုးသမီးက ၀င်ငွေ ကောင်းအောင် ကူညီမယ်။ အထက်လူကြီးကတောင်
အထင်ကြီးပြီး ပြန်လေးစားနေမယ်။ ထင်ပေါ် ကျော်ကြားမယ်။
ဘုရားဂုဏ်တော် အာရုံပြုပါ။ တတ်နိုင်ရင် သီလ(၇)ရက်စောင့်ပါ။
၁၂-ဂဏန်းကြွင်း
၁၂-ဂဏန်းဟာ တိုးနယားရုပ်ရဲ့ ညာဘက် လက်မှာ
ရှိနေတယ်။ ဒါကြောင့် အားကိုးအားထားပြုရ မယ့် မိတ်ကောင်းဆွေကောင်းတွေ တွေ့ရမယ်၊ အရှေ့အရပ်နဲ့
အနောက်အရပ်ဆီက လာဘ်ဝင်မယ်။ ခရီးသွားရကိန်းရှိတယ်။ အစိုးရ၀န်ထမ်းဆိုရင် ရာထူး တတ်မယ်။
အရပ်သားဆိုရင် လယ်၊ ယာ၊ မြေပိုင်ဆိုင်ခွင့်ကြုံမယ်၊ ခြေလေးချောင်း၊ ခြေနှစ်ချောင်း
ဝင်မယ်။
အနောက်အရပ် အရှေ့အရပ်က မုဆိုးမ၊ တခုလပ်က
နှောင့်ယှက်ဖျက်ဆီးလို့ အကြံအစည်ရှိရင် ပျက်တတ်တယ်။ အပေါင်းအသင်းမတတ်လို့ အခက် ကြုံရမယ်။
သောကပွားရမယ်။ စကားများရမယ်။ ဒါပေမယ့် အဲဒီရန်တွေကို အောင်နိုင်ပါလိမ့်မယ်။ ကျော်လွှားနိုင်ပါလိမ့်မယ်။
အမှုအခင်းရှိရင် ကိုယ်က သာနိုင်နိုင်ပါတယ်။
မွေးလကျော်ပြီးရင် ပိုးကောင်းမယ်။ ရတနာသုံးပါး
မမေ့ပါနဲ့။ လှူချင်ရင် ထီး(၇)စင်း၊ ယပ်-၁ခု၊ ရေချမ်းသက်စေ့ ပူဇော်လှူဒါန်းပြီး လိုရာဆုတောင်းပါ။
No comments:
Post a Comment